၁၄/၃/၂၀၁၀ (နက်ဖြန်မနက်) ၅ နာရီခွဲကားနှင့် ရမည်းသင်းသို့ ခရီးဆက်ပါဦးမည်။ အင်တာနက် လုံးဝ မသေချာပါ။ ထို့ကြောင့် ရက်အကန့်အသတ်မရှိ ဘလော့ဂင်းခြင်း၊ ဖေ့ဘွတ်တွင် ခြံစိုက်ခြင်း၊ Google Talk ဟုခေါ်သော အင်တာနက်မှ စကားလက်ဆုံကျရန် နေရာတခု၌လည်း မေးသမျှ မဖြေနိုင်ခြင်း၊ တော်ကီမပွားနိုင်ခြင်းများဖြင့် ခေတ္တ သို့မဟုတ် ပျောက်ချင်သလောက် ပျောက်မည် ဖြစ်ကြောင်း။ သုံးလပိုင်း ၂၀ ရက်အကျော်ဖက်တွင် ရန်ကုန်ဟူသော ရွှေမြို့တော်သို့ ခရီးထပ်ထွက်မည် ဖြစ်ပါကြောင်း၊ ခရီးပန်း၍ အိမ်တွင်းပုန်းနေသောကြောင့် မတွေ့လိုက်ရသော ဘော်ဒါမိတ်ဆွေများ သင်္ကြန်ပြန်တက်လာမှ ဆုံသောက်ကြ.. အဲ ဆုံတွေ့ပါဦးမည်။ မမျှော်လင့်ပဲ တွေ့သော မယ်ညီတို့အုပ်စုအားလည်း ကျေးဇူးတင် နှုတ်ဆက်ခဲ့ပါ၏။ မောင်အိုက်စိုင်းတို့နှစ်ယောက် အိုအောင်မင်းအောင် ပေါင်းနိုင်ကြပါစေ။ မင်္ဂလာပွဲပြီးမှ ပြန်မည်ဟု စဉ်းစားထားသော်လည်း အခြေအနေ အကြောင်းအမျိုးမျိုး ဖန်လာသောကြောင့် သွားရောက်ရမည်ဖြစ်ပါသောကြောင့် နားလည်ပေးစေချင်ပါ၏။ ခရီးပန်း အိမ်တွင်းပုန်းနေပါသောကြောင့်လည်း မည်သည့်နေရာ မည်သည့်ဆိုင်မှာမှ သွားရောက်၍ ဓာတ်ပုံများ မရိုက်ပေးခဲ့နိုင်သောကြောင့် အွန်လိုင်းမှနေ၍ တောင်ကြီးအလွမ်းပြေ ပုံများအား မျှော်လင့်နေသော အဝေးရောက် တောင်ကြီးသူ တောင်ကြီးသားများအားလည်း အထူးတလည် တောင်းပန်ပါသည်။ ခွင့်လွှတ်နားလည်ပေးစေချင်ပါ၏။ အခြားကျေးဇူးတင် နှုတ်ဆက်စရာလူများအားလည်း ဒီနေရာကနေပဲ နှုတ်ဆက်လိုက်ပါသည်။ အထူးသဖြင့် အမြဲဒေါင်းတတ်သော ဆိုဒ်အား စောင့်ရှောက်ပေးသော ကိုအုန်းသီးအား ကျေးဇူးထပ်ခါ ထပ်ခါတင် နှုတ်ဆက်ပါ၏။
နှုတ်ခဲ့လျက်
Thanks,
NweYoe
13/3/2010