ဒီနေ့ ကိုအုန်းသီး ကောင်းမှုနဲ့ပဲ ဆိုဒ်လေး ပြန်ရပြီ။ ဖြစ်တာက Theme တခုကို Down လိုက်တယ်။ Local မှာ စမ်းတယ်။ ကွက်တိပဲ။ ဒါနဲ့ Install လုပ်လိုက်တယ်။ Active ပေးလိုက်တယ်။ လစ်သွားရော . . . ဘာမှကို မပေါ်လာတော့တာ။ ကိုအုန်းသီးက ဘားမားကိုခဏ ပြန်လစ်သွားတယ်။ ဒါနဲ့ host ထဲကို ၀င်ကလိလို့ မရတော့ပြန်ဘူး။ ၂ ပတ်လောက် Local မှာစမ်းတင်ထားတဲ့ ဆိုဒ်လေးကိုပဲကြည့်ပြီး အာသာဖြေနေရတယ်။ မနေ့က ကိုအုန်းသီး ပြန်ရောက်လာတယ်။ ဒီနေ့ရအောင် ပြန်လုပ်ပေးသွားတယ်။ သေချာစမ်းထားတဲ့ Theme လေး တခါထဲ ပြောင်းလိုက်တယ်။ အကုန်ကွက်တိပဲ။ ဘာပြောပြော လှတာကြိုက်တယ်ဗျ။ လှတာကြိုက်တယ်ဆိုတာ ကိုယ်တိုင်လှချင်တာကို မဟုတ်ဘူး။ သေချာပြောရရင်တော့ လှတာထက် သပ်ရပ်တာကို ကြိုက်တယ်။ WP-Theme တွေကလည်း အများသား၊ ကိုယ်ကလည်း သုံးလေးလလောက်နေသွားရင် Theme တခုကို ရိုးသွားတယ်။ အသစ်အသစ်တွေ ထပ်လုပ်ချင်တယ်။ စာသာအပျင်းကြီးပြီး မရေးဖြစ်တာ။ ခုတော့ တော်ပြီ ဒီတိုင်းပဲထားတော့မယ်။ ပြင်လည်းမပြင်တော့ဘူး ကလိလည်း မကလိတော့ဘူး။ မတတ်ရင်လည်း နေပါစေတော့။ ပျက်ရင် လုပ်ပေးရတဲ့သူလည်း ဒုက္ခရောက်တယ်။ တကယ်ကတော့ ဆိုဒ်က လှနေမှ မဟုတ်ပါဘူး။ အများဖတ်မယ့်စာက ဖတ်ရအဆင်ပြေနေပြီး ဖတ်ကောင်းဖို့က အဓိကပါပဲ။ ခုနလေးတင် ဒေါ်လေးကောင်းကင်ပြာကို လှမ်းမေးတယ်။ ဘာရေးရမလဲလို့၊ အားရပါးရကို အားပေးရှာတယ်။ ရေးချင်ရာရေးတဲ့။ အင်း အဲဒီ ရေးချင်ရာရေး ဆိုတာကို ကြားပြီးကတည်းက စက်ရှေ့ ငုတ်တုတ်ထိုင်ပြီး ဟိုဟာလုပ်ရမလိုလို ဒီဟာလုပ်ရမလိုလိုနဲ့ နာရီဝက်လောက်ကြာသွားတယ်။ ခုထိလည်း မယ်မယ်ရရ ဘာမှ မရေးမိဘူး။ အိပ်တော့ အိပ်ချင်ပြီဗျ။ အိပ်ချင်ပြီဆိုတော့ အိပ်ပြီပေါ့ဗျာ။ မနက်ခင်းနိုးဖြစ်ခဲ့ရင်တော့ ထပ်တွေ့ကြတာပေါ့ . . . ကောင်းသောညပါ
စာတွေပြန်ရေးနိုင်အောင် ကိုလူပျိုလို ဘလော့ဂ် မာကတ်တင်းဆင်းနိုင်အောင်လည်း ကြိုးစားပါ့မယ်။ (တကယ်ကိုကြိုးစားပါတော့မယ်)

Today is: 3. September 2010
November 30th, 2009 on 5:03 PM
ရေး ရေး အပျင်းမကြီးနဲ့ ရေးချင်ရာရေးး ရေးဖို့ အဓိက…စိတ်ထဲ ပေါ်တဲ့ နေရာက စရေးး
December 1st, 2009 on 2:40 AM
အိမ်အသစ်လေးဖြစ်သွားပြီ ဆိုဒ်လေး အဆင်ပြေသွားတာ ၀မ်းသာပါတယ် အသစ်တွေမရေးနိုင်လည်း အဟောင်းတွေ ပြန်လေ့လာ ဖတ်လို့ရတယ် နည်းပညာအကြောင်းတွေ ဆက်လက်ရေးသားဖို့ တောင်းဆိုပါရစေ
ခင်မင်စွာဖြင့်
ဝိုင်း
December 1st, 2009 on 5:15 AM
ဘလော့မာကက်တင်းဆင်းတယ်ဆိုတာ ဘာတုန်း.. ဟင်
ညီ့ဘလော့ကတော့ ဘယ်ဆီဘယ်ဝယ်နေမှန်းမသိဘူးဂျာ.. ငိုချင်ထှာ.. ဟင့် ဟင့်
December 1st, 2009 on 8:27 AM
မာကက်တင်း မဆင်းခင် ကြိုလာတယ်ပဲ သဘောထားပါ… ဟိ
December 3rd, 2009 on 2:05 AM
စာရေးရင်း.. ကလိရင် အဆင်ပြေပါတယ်…. လိုကယ်မှာ အရင်ချ.. ပြီးရင်တင်ရင် အေးချေးပါ… အဲ.. version လေးတော့ သတိထားဗျ..
စာတွေရေးမယ်ဆို … စာတွေ ဖတ်မယ်ဗျာ……….
December 8th, 2009 on 9:25 AM
စိတ်ထဲရှိတာသာရေးဗျာ.. အရသာ ၁ ခုခုတော့ရတာဘဲ..
December 17th, 2009 on 12:21 PM
ကိုချင်းစာလိုက်တာ